***မြင့်မိုရ်ပြိုတဲ့ ည***
မောင်အိမ်မွှန်း(ရေဦး)
* ကောလင်းကအပြန်
ခင်ဦးဘူတာအဆင်း
“အမေ့“သတင်းကြားရ
မျက်ရည်စတွေလွှမ်းဖုံး
သားစုံလုံးကန်းသွားပြီအမေ။
* “ရေဦး“ရောက်တော့
အသက်မရှိတဲ့ အမေ့ကိုဖက်နမ်း
သားရူးနှမ်းသွားပြီအမေ။
* အို “အမေ““အမေ“ရဲ.
ကျွန်တော့မှာ “အမေ“လို.ခေါ်စရာ
ဘယ်မှာမှ မရှိတော့ပါလား။
* အဲဒီ “ည“က
မြေငလျင် တုန်ဟီး
မိုးကြီးပြိုကြ
တစ်လောကလုံးအမှောင်တိုက်တွေ
ဖုံးသွားခဲ့ပါပေါ့။
* ကျွန်တော့မှာ“အမေ“လို.ခေါ်စရာ
ဘယ်မှာမှ မရှိတော့ပါလား။
* “အမေ“မဲ့သွားမှန်းသိလို. သွန်ကျတဲ့“မျက်ရည်“
အရောင်မဲ့တဲ့ “သွေးစက်တွေပါ“အမေ“။
* “ဂေါ်ကီ“ရဲ.အမေ
“ငါ့သမီးညွန်.မေ အမေသိပြီ“ဆိုတဲ့
“ဦးဖိုးကျား“ရဲ.“အမေ“
“ဦးသုခ“ရဲ.“အမေ“
“ချစ်စံဝင်း“ရဲ.“အမေ“
“သော်ဒီဝေ“ရဲ.“အမေ“
“မောင်အိမ်မွှန်း“ရဲ.“အမေ“
ဘာပဲဖြစ်ဖြစ်
တစ်လောကလုံးရှိသမျှ“အမိ“ဟူသမျှ
အတူတကွ။
* သမုဒ္ဒရာကို မင်ရေဖျော်လိုက်
ကောင်းကင်ပြာကြီးကို စက္ကူလုပ်
ဧ၀ရက်တောင်ကို ကလောင်လုပ်
အမေ့ကျေးဇူးပြည့်စုံအောင် ဖော်ကျူးလို.မရ။
* အို“အမေ“ “အမေ“ ရဲ.
ကျွန်တော့်မှာ“အမေ“လို. ခေါ်စရာ
ဘယ်မှာမှ မရှိတော့ပါလား။
* “မာတာ ပီတု ဥပဌာနံ
ပုတ္တာရဿ သင်္ဂဟော“
သားသမီးတွေကို စောင့်ရှောက်ခဲ့သော်ငြား
“အမေ့“ရဲ. ကျေးဇူးတရားကို
ဘုရားသခင်တော့ အကြေဆပ်သွားနိုင်ခဲ့ပါတယ်။
* အရက်သမားအဖေ နှိပ်စက်သမျှ
အံကြိတ်ခံရင်း
ဈေးဆိုင်ပေါ်က မထစတမ်း
သားသမီးလေးယောက်ကို
နယ်ပယ်အသီးသီးမှာ“လူတစ်လုံးသူတစ်လုံး“ဖြစ်အောင်
ပြုစုပျိုးထောင် ပေးထားခဲ့တဲ့“အမေ“။
* ခွေးမကြီးတစ်ကောင် အံကျွေးသလို
ကျွေးမွေးခဲ့တဲ့ အမေ
ကြက်မကြီးတစ်ကောင်
သားသမီးတွေကို တောင်ပံအောက်မှာ
ထားအိပ်သလို
“လောကဓံ“ဆိုတဲ့ မြွေပွေးမြွေဟောက်တွေကို
အသေခံတိုက်ခိုက်သွားတဲ့ အမေ။
* အို “အမေ““အမေ“ရဲ.
ကျွန်တော့်မှာ “အမေ“လို.ခေါ်စရာ
ဘယ်မှာမှ မရှိတော့ပါလား။
* အရပ်ထဲ ခေါင်းရွက်
ရေနံဆီ တစ်မူးဖိုး တစ်ပဲဖိုးလှည့်ရောင်း
ဈေးလယ်ကောင် ဆိုင်တည်နိုင်အောင်
ထူထောင်ထားခဲ့တဲ့ အမေ။
ဒါကြောင့်မို.လဲ ကျွန်တော်တို.မောင်နှမတွေ
ထမင်းစားနေရတာပါ။
* တစ်လောကလုံးရှိသမျှ
“အမိ“အားလုံး
လက်ဆယ်ဖြာစုံမိုး
ရှိခိုး၊ ရှိခိုး၊ ရှိခိုး
ဦးညွတ်......။ ။
မောင်အိမ်မွှန်း(ရေဦး)
စကားချပ်။ ။ ရေဦးမဂ္ဂဇင်းအမှတ်(၂)၌ ပါရှိသော အကျွန်ုပ်၏အဖေ မောင်အိမ်မွှန်း(ရေဦး)၏ကဗျာကို
အနည်းငယ်ပြုပြင်၍ ထိုကဗျာကို ဖော်ပြပါသည်။ သီဟ(ရေဦး)
( *မြင့်မိုရ်ပြိုတဲ့ ည* ဆိုသည်မှာ မြင့်မိုရ်တောင်ပြိုသည်ကို မဆိုလိုပါ။ မောင်အိမ်မွှန်း(ရေဦး)၏ မိခင် သေဆုံးသည်ကိုသာ ဆိုလိုပါသည်။ မိဘ၏ ကျေးဇူးသည် မြင့်မိုရ်တောင်မက ကြီးမားပါသည်။
မိဘ၏ ကျေးဇူးကို ဤရွေ.ဤမျှရှိသည်ဟု ရေတွက်၍ မရပါဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။)
သီဟ(ရေဦး)
No comments:
Post a Comment